Blog entry by Lwin Naung Htun LNH

Picture of Lwin Naung Htun LNH
by Lwin Naung Htun LNH - Wednesday, 16 December 2020, 12:30 PM
Anyone in the world

"ဝန်ထမ်းကောင်းကောင်းခေါ်ကြမယ်" ( သင်တန်းကြော်ငြာ)


လုပ်ငန်းရှင်တွေမှာ အများဆုံးတွေ့ကြုံရတဲ့ ပြဿနာ၊ အခက်အခဲက ဝန်ထမ်းရေးရာပြဿနာပါပဲ။ လုပ်ငန်းရှင်အတွက် ဝန်ထမ်းတွေကအရေးကြီးသလို၊ ဝန်ထမ်းတွေအတွက်လဲ မိမိအသက်မွေးဝမ်းကြောင်းပြုရာ လုပ်ငန်းခွင်ဟာ အင်မတန် အရေးကြီးပါတယ်။ နှစ်ဦးနှစ်ဖက်လုံး အရေးကြီးကြတာကို သိရဲ့သားနဲ့ ဘာဖြစ်လို့ အခက်အခဲ ပြဿနာတွေ ဖြစ်နေကြတာလဲဆိုတာ အင်မတန် စိတ်ဝင်စားစရာကောင်းလှပါတယ်။ ကိုယ်ကလဲ အလုပ်ရှင်ကောင်းဖြစ်ချင်တယ်။ ကောင်းတဲ့ဝန်ထမ်းတွေကိုလဲ လိုချင်တယ်ဆိုရင် ဝန်ထမ်းရေးရာစီမံခန့်ခွဲမှုကို အတူတူလေ့လာပြီး အဖြေရှာကြရအောင်လားရှင်။ လုပ်ငန်းတစ်ခု အောင်မြင်ခြင်းဟာ လုပ်ငန်းအုပ်ချုပ်သူရဲ့လုပ်ငန်းအပေါ် စိတ်ဝင်စားမှု့နှင့် တိုက်ရိုက်အချိုးကျပါတယ်။ ကိုယ့်အလုပ်ကို ကိုယ်ချစ်ရင် ဝန်ထမ်းစီမံခန့်ခွဲမှု့ပညာ သင်ယူဖို့ အချိန်ပေးကြရအောင်နော်။ 

ဒီခေါင်းစဉ်လေးတွေ ရွေးချယ်ထားပါတယ်။ 

၁။ ဝန်ထမ်းရေးရာ အစီအစဉ်တွေဆွဲကြမယ်။

၂။ ဝန်ထမ်းခေါ်ဖို့ ကြိုတင်ပြင်ဆင်ကြမယ်။

၃။ ကြော်ငြာရေးကြမယ်(အလုပ်ခေါ်စာ)

၄။ လျှောက်လွှာတွေ စိစစ်ရွေးခြယ်ကြမယ်။ 

၅။ အင်တာဗျူးထိုင်ကြမယ်။

၆။ တကယ်တက်ရဲ့လား၊ စစ်ဆေးကြမယ်။

၇။ အလုပ်ခန့်အပ်ကြမယ်။

၈။ လေ့ကျင့်သင်ကြားပေးကြမယ်။ 

၉။ ဝန်ထမ်းတွေ တက်ကြွပျော်ရွှင်စေဖို့စီစဉ်ကြမယ်။

၁၀။ မထွက်အောင်ထိန်းကြမယ်။