Blog entry by Lwin Naung Htun LNH

Anyone in the world

DLPMဆိုတာဘာလဲ?

ဦးဆောင်မှုပညာရပ်နဲ့လူ့စွမ်းအားကိုစီမံခန့်ခွဲမှုပညာရပ်နှစ်ခုကို တစ်ပြိုင်နက်လေ့လာနိုင်မယ့် ဒီပလိုမာတစ်ခုဖြစ်ပါတယ်။ 


Diploma in Leadership & People Management ဟာ UK ရှိ Oxford မြို့အခြေစိုက် City of Oxford College မှ တိုက်ရိုက်ပေးအပ်တဲ့ Professional Diploma ဖြစ်ပါတယ်။ 


DLPM မှာ Modules (၂) ခု ရှိပါတယ်။ Professional QCF Level 3 diploma ဖြစ်ပါတယ်။ 


ဒီဘာသာရပ်ကိုဖွင့်လှစ်သင်ကြားပေးရခြင်းရဲ့ရည်ရွယ်ချက်က လူတွေရဲ့အရည်အချင်းအပေါ်မှာကောင်းစွာစီမံခန့်ခွဲဲပြီး ဦးဆောင်မှုပေးနိုင်တဲ့ခေါင်းဆောင်ကောင်းတွေ ထွက်ပေါ်လာစေရန်ရည်ရွယ်ပေးလိုတာပဲဖြစ်ပါတယ်။ 


အဓိကအားဖြင့် စီးပွားရေးနယ်ပယ်၊လူမှုရေးနယ်ပယ်တွေမှာရှိနေကြတဲ့ စွန့်ဦးတီထွင်လုပ်ငန်းရှင်များ၊မန်နေဂျာများ၊လူမှုရေးအသင်းအဖွဲ့များမှခေါင်းဆောင်များ၊ခေါင်းဆောင်ဖြစ်ရန်ကြိုးပမ်းနေကြသူများအတွက် ဒီပညာရပ်တွေကိုကောင်းစွာတတ်မြောက်နားလည်ပြီး ခေါင်းဆောင်ကောင်းများအဖြစ်သက်ဆိုင်ရာနယ်ပယ်များမှာရပ်တည်သွားနိုင်စေရန်ရည်ရွယ်ပါတယ်။ 


ဘာကြောင့်သင်ယူသင့်သလဲ? 


ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ နေရာတိုင်းမှာကိုယ်တိုင်သိနေတတ်နေဖို့မလိုပါဘူး။ တတ်သိနားလည်တဲ့သူတွေကို ဦးဆောင်ပြီး ဘယ်သူဘယ်ပညာရှင်ကတော့ ဘယ်လိုတာဝန်ယူပြီး ဘယ်လိုအခွင့်အရေးတွေခံစားသင့်တယ်ဆိုတာ စီမံခန့်ခွဲတတ်ဖို့လိုသလို ဒီလူတွေကိုယ့်တာဝန်ကိုယ်ယူပြီး ​လျှောက်လှမ်းရမယ့်လမ်းကို ဖြောင့်ဖြောင့်လျှောက်လှမ်းနိုင်အောင် တာဝန်ယူဦးဆောင်ပေးနိုင်ရမှာ​ဖြစ်ပါတယ်။ ပြီးတော့ ကိုယ့်ဦးဆောင်မှုစွမ်းရည်နဲ့ပညာရပ်တွေကို နောက်လူဆီလက်လွှဲပြောင်းတတ်ဖို့လိုအပ်ပါတယ်။

ဒီအတွက် ခေါင်းဆောင်ကောင်းတစ်ယောက်မှာ ရှိသင့်ရှိအပ်တဲ့ အရည်အချင်းနဲ့စီမံခန့်ခွဲခြင်းပညာရပ်တွေကို တတ်မြောက်ကျွမ်းကျင်ရမှာဖြစ်ပါတယ်။ 


ဒီသင်တန်းကိုဘာကြောင့်ရွေးချယ်တက်ရောက်သင့်တာလဲ? 


-Assignment စနစ်ဖြစ်သည့်အတွက် စာမေးပွဲဖြေစရာမလိုဘဲ အလုပ်ခွင်ဝင်နေသည့် working Professionals များနှင့် အထူးသင့်တော်ခြင်း

-Group Discussion ရှိခြင်း

-Group Presentation လုပ်ရခြင်း

-သင်တန်းကြေးခွဲသွင်းနိုင်ခြင်းတို့ ဖြစ်ပါတယ်။ 


"သင်ကြားရမည့် အကြောင်းအရာများ"

၁။ ခေါင်းဆောင်မှုပုံစံ အမျိူးမျိူး 


၂။ ခေါင်းဆောင်များရဲ့ သွင်ပြင်များ 


၃။ လူသားများကိုစီမံခန့်ခွဲပုံ အမျိူးမျိူး 


၄။ လူတွေတိုးတက်အောင်လုပ်ဆောင်မှုပုံစံ 


၅။ ခေါင်းဆောင်မှုပညာတိုးတက်လာအောင် လုပ်ဆောင်ချက်များ 


၆။ နောက်လိုက်များအတွက် ကျန်းမာရေး၊ လုံခြုံရေးအစီအမံများ 


၇။ နောက်လိုက်များပျော်ရွှင်တက်ကြွရေးအစီအမံများ 


၈။ ကိုက်ညီသောနောက်လိုက်များရွေးခြယ်ခြင်း 


၉။ စစ်ဆေးမှုပုံစံအမျိူးမျိူး 


၁၀။ အောင်မြင်တဲ့ဦးဆောင်သူများကိုလေ့လာခြင်း


သင်ကြားမည့်ပုံစံ 


၁။ Zoom ဖြင့် သင်ကြားပါမယ်။ 


၂။ lecture, discussion, presentation, debate, case studies 


၂။ Assignment ၁၈ ခု တင်ရမည်။ Assignments 18 ခု ပြည့်စုံမှာသာ City of Oxford College (UK) တက်ရောက်ကြောင်း diploma ရရှိမည်ဖြစ်ပါတယ်။