Blog entry by Lwin Naung Htun LNH

Picture of Lwin Naung Htun LNH
by Lwin Naung Htun LNH - Wednesday, 16 December 2020, 12:22 PM
Anyone in the world

ပညာသင်တဲ့အခါ အခြေခံကနေ စသင်ဖို့ လိုပါတယ်။ လောကကြီးမှာ လေ့လာသင်ယူစရာတွေ အများကြီးရှိနိုင်ပါတယ်။ ကြီးမားကျယ်ပြန့်တဲ့လေ့လာသင်ယူစရာတွေထဲမှာ ဘယ်အရာဟာ ကိုယ့်ဆီမှာ ရှိတာလဲ၊  ဘယ်အရာဟာ မရှိသေးတာလဲ ဘယ်အရာဟာ ကိုယ်နဲ့ မဆိုင်တဲ့ အရာလဲဆိုတာ မှန်မှန်ကန်ကန် ရွေးချယ်တတ်ဖို့လိုပါတယ်။ မှန်ကန်တဲ့ ရွေးချယ်မှုတွေ ပြုလုပ်ဖို့ဆိုလျှင် အခြေခံသဘောတရား တွေ ပိုင်နိုင်ဖို့ လိုအပ်ပါတယ်။

စီးပွားရေး နယ်ပယ်ဆိုတာလဲ အင်မတန်ကျယ်ပြန့်ပါတယ်။ ဒီနယ်ပယ်ကြီးထဲကို သွားဖို့ဆိုလျှင် အခြေခံသဘော တရားတွေ သေချာသိဖို့ လိုအပ်ပါတယ်။ 

စီးပွားရေးစီမံခန့်ခွဲမှု အခြေခံသဘော တရားများကို သိဖို့ ယခုမှ စတင်မဲ့သူ၊ စီးပွားရေးလုပ်နေရင်း မိမိကိုယ်ကို အားမရသူတွေ အတွက်“ Basic Skills for Business Owners ‘’ အတန်း က သင့်လျော်ပါတယ်။

ပါ၀င်မည့် ခေါင်းစဉ်များကတော့ 

(၁) လုပ်ငန်းရှင်များ အတွက် အရေးကြီးသော အရည်အချင်းများ 


(၂) စီးပွားရေး ဖွဲ့စည်းမှုပုံစံများ


(၃) အပြောင်းအလဲ စီမံခန့်ခွဲ့မှု ပုံစံ 


(၄) ၀န်ထမ်းစီမံခန့်ခွဲ့မှု


(၅) လုပ်ငန်းဦးဆောင်သူများအတွက် Soft skills

 

(၆) Business Plan လေး ဆွဲကြမယ်


 (၇) ဦးဆောင်သူနှင့်စီမံခန့်ခွဲမှု


 (၈) ပြဿနာတွေ ဖြေရှင်းမှုအခြေခံ


 (၉) ပတ်၀န်းကျင်ကို လေ့လာသုံးသပ်ခြင်း 


 (၁၀) အချိန်ကို စီမံခန့်ခွဲ့မှု အရည်အချင်း